၂၀၂၄၊ ဒီဇင်ဘာလ ၁၆ရက် –
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ညနေ (၈) နာရီအချိန်တွင် NCBAC အမှုဆောင်ကော်မတီဝင်များသည်North Carolina ပြည်နယ် Charlotte မြို့ တွင်ကျင်းပပြီးစီးခဲ့သော NCBAC ၏ (၁၃) ကြိမ်မြောက်နှစ်ပတ်လည်ပွဲတော် ၏အားနည်းချက်နှင့်အားသာချက်များသုံးသပ်ဆွေးနွေးပွဲတစ်ရပ်အား Zoom ဖြင့် စည်းဝေးကာ၊ အကြံပြုချက်များဖြင့် ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် NCBAC ဉက္ကဌမှ အမှုဆောင်ကော်မတီဝင်များ၏အပြောင်းအလဲစါရင်းကိုအတည်ပြုကြေငြာခဲ့ပါသည်။ ထို့နောက်တွင်အစည်းအဝေးတက်ရောက်သူများမှ ပွဲတော်ကြီး၏ ကဏ္ဍအလိုက်အားသာချက်နှင့် အားနည်းချက်များ၊ ပွဲတက်ရောက်ပရိတ်သတ်များ၏အကြံပြုချက်များ၊ ဆွေးနွေးအကြံပြုခဲ့ကြပါသည်။ အစည်းအဝေးတွင် ဘဏ္ဍာ ရေး၊ ဘာသာရေးဆိုင်ရာဟောပြောချက်များ၊ မီစ္ဆားပူဇော်ခြင်း၊ကိုတော်မြတ်ကိုးကွယ်ခြင်း၊ ဖြော်ဖြေရေးကဏ္ဍ၊ရုပ်သံ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှူ၊ လူငယ်ပိုင်းဆိုင်ရာများနှင့် အထွေထွေလိုအပ်ချက်များအားအကျယ်တဝင့်ဆွေးနွေးသုံးသပ်ခဲ့ကြပါသည်။
ထို့နောက်အစည်းအဝေးကို NCBAC ၏ နာယက Rev. John Paul မှ အပိတ် ဆုတောင်းခြင်းဖြင့် ည ၁၀:၀၀ နာရီအချိန်တွင် အဆုံးသတ်ခဲ့သည်။
NCBAC အမှူဆောင်ကော်မတီသည် NCBAC ၏ ပိုမိုကျယ်ပြန့်သော လုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရန်အတွက် ပြုပြင်ဆောင်ရွက်လျှက်ရှိရာ ဘာသာတူများအနေဖြင့် suggestions များကို admin@ncbac.us သို့ပေးပို့ကူညီနိုင်ပါသည်။
JT@ncbac