ချစ်ခင်ရပါသော ဘာသာတူ ညီအကိုမောင်နှမများခင်ဗျာ၊
NCBAC သည် လက်ရှိ အခြေအနေ အချိန်အခါ၏ လိုအပ်ချက်များအရ ပိုမိုတောင့်တင်းပြီး၊ ကျစ်လစ်ခိုင် မာသော အဖွဲ့အစည်းဖြစ်လာ စေရန် အတွက်၊ ပြုပြင် မွန်းမံပြင်ဆင်မှုများဆောင်ရွက်လျှက် ရှိပါသည် www.ncbacreform2025.org ။ ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့်၊ NCBAC ၏ လုပ်ငန်းဆောင်တာများပိုမို ကျယ်ပြန့်စွာလုပ်ဆောင်နိုင်ရန် နှင့်၊ ပိုမိုခိုင်မာသော လူထု ဆက်ဆံရေးတည်ဆောက်နိုင်ရန် မျှော်လင့်ပါသည်။ ထို့အပြင်၊ အနာဂါတ် NCBAC ဦးဆောင်မှုကဏ္ဍတွင်အားလုံးပါဝင် အမှုဆောင်နိုင် ရေးကိုရှေးရှု မျော်လင့်ပါသည်။ ထိုသို့လုပ်ဆောင်ရာတွင်၊ အမေရိကန်နိုင်ငံအတွင်း၊ ဒေသအသီးသီး၌ ကက်သလစ်ဘာသာကို အခြေခံ ဖွဲ့ စည်းထားပြီးသောအဖွဲ့ များ၊ သို့မဟုတ် စတင်ဖွှဲ့စည်းမည့် အဖွဲ့များ သို့မဟုတ်၊ ကက်သလစ် ဘာသာဝင် ပုဂ္ဂိုလ်တစ်ဦးခြင်း အားလုံးပါဝင်ပါသည်။ ထိုနေရာတွင် ဒေသအခြေခံ သော်၎င်း၊ လူမျိုးစုကို အခြေခံသော ကက်သလစ် အသင်းအဖွဲ့ များ အားလုံးကို ဆိုလိုပါသည်။

ကိုယ်စားလှယ်များ ရွေးချယ်ခြင်း
——————————–
သို့ဖြစ်ပါ၍၊ NCBAC ၏ ပြုပြင်ပြောင်းလည်းမှုများအား အကောင်အထည်ဖေါ်ဆောင်နိုင်ရန် အတွက်၊မြန်မာကက်သလစ် community (ဒေသအလိုက် သို့မဟုတ် လူမျိုးအခြေခံအစုအဝေးအလိုက်) ကိုယ်စားလှယ်တစ်ဦး သို့မဟုတ် နှစ်ဦးကို ရွေးချယ်၍၊ NCBAC သို့ဆက်သွယ်ပါရန် ဒေသခံ ကိုယ်စားလှယ် များအားဖိတ်ခေါ်အပ်ပါသည်။ ၎င်းကိုယ်စားလှယ် တို့သည် မိမိတို့ ဒေသခံအသင်းအဖွဲ့ နှင့် NCBAC အမှုဆောင်ကော်မတီတို့အကြား ဆက်ဆံရေးကို စီမံခန့်ခွဲ၍၊ အချက်အလက်များကို ပေးပို့လုပ်ဆောင်မည့် ပလပ်ဖောင်းတစ်ခုအဖြစ် အကောင်အထည်ဆောင်သွားမည်ဖြစ် ပါသည်။
ကိုယ်စားလှယ်များ၏ တာဝန်နှင့် အကြောင်းအရာ
————————————————
ရွေးချယ်ထားသော ကိုယ်စားလှယ်များသည် NCBAC ၏ အစည်းအဝေးများတွင်ပါဝင်ပြီး၊ ဗဟိုကော်မတီ အစည်းအဝေးမှ ဖြစ်ပေါ်လာသော သတင်းအချက်အလက်များ၊ အစီအစဉ်များနှင့် လုပ်ငန်းဆောင်တာများကို မိမိ၏ဒေသအဖွဲ့အစည်း နှင့် ဘာသာတူများထံသို့တိုက်ရိုက်၊ သတင်းပေး၊ အသ်ပေးနိုင်မည် ဖြစ်သည်။ ထို့အပြင်၊ မိမိ အသင်းအဖွဲ့၏ ဘာသာရေး၊ ဝိဉာဉ်ရေးဆိုင်ရာတောင်းဆိုချက်၊ လမ်းညွှန်ချက် အကြံဉာဏ်များကို NCBAC သို့ တိုက်ရိုက်အသိပေး ခွင့်ရ ရှိစေမည်ဖြစ်ပါသည်။
ထို့အပြင်၊ ဝိညာဉ်ရေး၌လိုအပ်သည့် အရာများရှိပါကလည်း၊ NCBAC အမှုဆောင်ကော်မတီ နှင့် အမေရိကန်ပြည်ထောင်စု တွင်ရောက်ရှိနေကြသော မြန်မာ ကက်သလစ် ဘုန်းတော် ကြီးများအဖွဲ့သို့ တိုက်ရိုက် ဆက်သွယ် နိုင်မည်ဖြစ်ပါသည်။ ထိုမျှမက၊ သာရေး၊ နာရေး အရေးပေါ် အခြေအနေများတွင်လည်း၊ လိုအပ်သည့် ဘာသာရေးဆိုင်ရာ အကူအညီများရရှိ နိုင်ရန်လည်း ထို ကိုယ်စားလှယ်များမှ NCBAC သို့တိုက်ရိုက် ဆက်သွယ် အကူအညီ တောင်းခံနိုင်မည် ဖြစ်ပါသည်။
အုပ်ချုပ်ရေးကော်မတီ တွင်ပါဝင်ခြင်း
———————————–
ထို့အပြင်၊ ဒေသခံကိုယ်စားလှယ်များသည် NCBAC ၏ အုပ်ချုပ်ရေးကော်မတီ (EC) တွင် အဖွဲ့ဝင်တစ်ဦးအဖြစ်လည်းရွေးချယ် တာဝန်ယူနိုင်မည့်အခွင့်အရေးရရှိစေမည်ဖြစ်ပါသည်။
အသေးစိပ်အချက်အလက်များအား www.ncbacreform2025.org တွင်ဆက်လက်လေ့လာနိုင်ပါသည်။
ကိုယ်စားလှယ်အမည်စာရင်းနှင့် အသေးစိတ်အချက်အလက်များအား
admin@ncbac.us
သို့ မဟုတ်
သို့မဟုတ်
လက်ရှိအမှုဆောင်ကော်မတီ https://ncbac.us/ec-2022/
သို့ လည်းဆက်သွယ်မေးမြန်း၍ ကိုယ်စားလှယ်စာရင်း တင်သွင်း နိုင်ပါကြောင်းအသိပေးအပ်ပါသည်။
ခရစ်တော်နှင့်အတူ
NCBAC