NCBAC https://ncbac.us Myanmar Catholic Conference Sun, 08 Jun 2025 04:45:46 +0000 en-US hourly 1 https://wordpress.org/?v=6.8.1 https://ncbac.us/wp-content/uploads/2023/12/cropped-NCBAC-profile-logo-32x32.png NCBAC https://ncbac.us 32 32 NCBAC Gets Ready for 14th Annual Conference in Jacksonville https://ncbac.us/ncbac-gets-ready-for-14th-annual-conference-in-jacksonville/?utm_source=rss&utm_medium=rss&utm_campaign=ncbac-gets-ready-for-14th-annual-conference-in-jacksonville https://ncbac.us/ncbac-gets-ready-for-14th-annual-conference-in-jacksonville/#respond Sun, 08 Jun 2025 04:44:13 +0000 https://ncbac.us/?p=5255

NCBAC Gets Ready for 14th Annual Conference in Jacksonville
Jacksonville, FL – June 2025

The National Catholic Burmese American Community (NCBAC) held its monthly meeting on Zoom on June 7, 2025 (Meeting no: 07/2025). Attendances who joined included members of the Executive Committee, the Kachin Catholic Community of Florida, the Myanmar Catholic Community of Jacksonville, and other community’s representatives.

The main goal of the meeting was to prepare for the upcoming 14th Annual NCBAC Conference, happening from August 29 to 31, 2025, at Deerwood Castle in Jacksonville, Florida (7601 Centurion Parkway).

The meeting began at 8:00 PM Eastern Time with a prayer led by Vice President Edward Gabriel. NCBAC Secretary Ko Eric Oo led the meeting and covered the planned topics.

Important items discussed included updates on inviting bishops and confirming their attendance. Fundraising efforts like selling raffle tickets and T-shirts were also reviewed to help cover event costs. The team is working on finishing the schedule to make sure the conference is meaningful and well-planned.

Updates were shared about music, performances, and how the event will be promoted. The liturgy team is organizing the religious services to be welcoming and respectful. Food and hospitality were also discussed to make sure all guests are taken care of.

The local host groups—the Kachin Catholic Community of Florida and the Myanmar Catholic Community of Jacksonville—shared their progress and support, which is helping bring everything together.

The meeting ended at 10:18 PM with a closing prayer by Fr. John Paul, the NCBAC Chairperson. With just a few weeks left, NCBAC’s President Maurice Lee thanked everyone for their hard work and encouraged people to attend the event.

JT@ncbac

#NCBAC2025 #CatholicNews #JacksonvilleConference #CommunityUnity #KachinCatholics #MyanmarCatholics #DeerwoodCastle #FaithInAction #BurmeseAmericanCatholics

]]>
https://ncbac.us/ncbac-gets-ready-for-14th-annual-conference-in-jacksonville/feed/ 0
NCBAC ကော်မတီအဖွဲ့ဝင်များနှင့်ဖလော်ရီဒါပြည်နယ်မှမြန်မာကက်သလစ်အဖွဲ့ဝင်များ NCBAC ၏ ဒေသခံကိုယ်စားလှယ်အဖွဲ့ဝင်အချို့တို့နှင့်ပွဲတော်ကြီးပြင်ဆင်မှုဆိုင်ရာ ဆွေးနွေး https://ncbac.us/ncbac-06-2025/?utm_source=rss&utm_medium=rss&utm_campaign=ncbac-06-2025 https://ncbac.us/ncbac-06-2025/#respond Mon, 12 May 2025 22:44:37 +0000 https://ncbac.us/?p=5239

မေ ၁၀၊ ၂၀၂၅

အမေရိကန်နိုင်ငံ မြန်မာကက်သလစ်အဖွဲ့ချုပ် (NCBAC) မှတာဝန်ရှိသူများ၊ဖလော်ရီဒါပြည်နယ်ရှိ အိမ်ရှင် ကက်သလစ်အဖွဲ့အစည်းများမှတာဝန်ရှိသူများ၊ NCBAC ၏ ဒေသခံကိုယ်စားလှယ်အဖွဲ့ဝင်အချို့တို့သည် ၂၀၂၅ ခုနှစ် မေ ၁၀ ရက် ည ၈ နာရီတွင် Zoom မှတစ်ဆင့် အွန်လိုင်းအစည်းအဝေးတစ်ရပ် (06/2025) ပြုလုပ်ခဲ့ကြသည်။

 ဤပွဲတော်ကြီးကို ၂၀၂၅ ခုနှစ် သြဂုတ် ၂၉ ရက်မှ ၃၁ ရက်အထိ ဂျက်စင်ဗီလ်မြို့ရှိ Deerwood Castle (7601 Centurion Pkwy, Jacksonville, FL 32256) တွင် စည်ကားစွာနှင့်စည်းကမ်းရှိစွာကျင်းပနိုင်ရေးဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးတွင် မီးစ္စား (Mass) များအတွက်ပြငိဆင်ထားမှူ၊ ဆရာတော်ကြီးများဖိတ်ခေါ်ထားမှူ၊ ပွဲတော်အတွင်း ဟောပြောပွဲများအတွက် ပြင်ဆင် ဖိတ်ကြားထားမှူ၊ ဖျော်ဖြေရေးအစီအစဉ်များအတွက်ပြင်ဆင်ထားမှူ၊ တူရိယာပစ္စည်းများလိုအပ်ချက်၊လူငယ်များနှင့် ကလေးသူငယ်များကဏ္ဍအတွက်ပြင်ဆင်ထားမှူ၊များအားအပြန်အလှန် ဆွေးနွေးခဲ့ကြပြီးအစည်းအဝေး (06/2025)အား ၉ နာရီ ၄၅ မိနစ်တွင်အောင်မြင်စွာရုတ်သီမ်းခဲ့ပါသည်။

ပွဲတော်ကြီးနှင့်ပက်သက်သောနောက်ထပ်အသေးစိတ်အချက်အလက်များကို NCBAC ၏ တရားဝင်ဝက်ဘ်ဆိုက်နှင့် social media များမှ ဆက်တိုက်အကြာင်းကြား ထုတ်ဖော်ကြေညာသွားမည်ဖြစ်သည်။

မှတ်ချက်။ ။ ဘာသာတူများအနေဖြင့် NCBAC ၏ကိစ္စအရပ်ရပ်များတွင်ပိုမိုပါဝင် နိုင်ရန်အတွက် မိမိတို့၏ ( ဒေသ /လူမျိုး) ဖြင့်ဖွဲ့စည်းထားသောမိမိအဖွဲ့၏ ၊ NCBAC ဒေသ ကိုယ်စားလှယ်များကိုခန့်အပ်ပြီးပါဝင်နုင်ပါကြောင်းကိုလည်းလေးစားစွာတိုက်တွန်းနှိူးဆော်အပ်ပါသည်။

အသေးစိပ်အား https://www.ncbacreform2025.org/community-reps သော်၄င်း admin@ncbac သို့ဆက်သွယ်၍သော် ၄င်း ဆက်သွယ်နိုင်ပါသည်။

—————–

NCBAC medias:

#NCBAC website – www.ncbac.us

#NCBAC facebook page- / officialncbac

#NCBAC Instagram – / ncbac2010

#NCBAC Telegram Channel – https://t.me/ncbac

#NCBAC Youtube Channel – / @ncbac9959

များတွင်ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။

]]>
https://ncbac.us/ncbac-06-2025/feed/ 0
Fundraising Raffle for Annual Conference (2025) https://ncbac.us/raffle-2025/?utm_source=rss&utm_medium=rss&utm_campaign=raffle-2025 https://ncbac.us/raffle-2025/#respond Wed, 30 Apr 2025 11:46:40 +0000 https://ncbac.us/?p=5079
NCBAC Raffle Ticket Fundraiser
NCBAC Raffle Tickets

🎉 NCBAC 2025 Raffle Ticket Fundraiser 🎉

Support the National Conference of Burmese American Catholics (NCBAC)

📍 Jacksonville, Florida | August 29–31, 2025

Buy your tickets now for a chance to win amazing prizes while supporting a great cause!

💥 Prizes 💥

  • 🥇 1st Prize: $1,500
  • 🥈 2nd Prize: $1,000
  • 🎁 10 Additional Prizes: $100 each

🎫 Ticket Price: Only $10

📅 Drawing Date: July 27, 2025

📍 Hosted by: Catholic Community in Jacksonville, FL

📺 Live Broadcast: NCBAC Official Facebook Page

Purchase through your community leaders (OR) contact us at 📧 admin@ncbac.us

📞 Contact & Info

Purchase through your community leaders or contact:

Email: admin@ncbac.us

Facebook: facebook.com/officialncbac

💥 ဆုကြီးများ 💥

🥇 ပထမဆု: $1,500
🥈 ဒုတိယဆု: $1,000
🎁 ထပ်ဆင့်ဆု ၁၀ ဆု: တစ်ဆုလျှင် $100
🎫 မဲလက်မှတ်ဈေးနှုန်း: တစ်စောင်လျှင် $10 သာ!
📅 မဲဆွဲမည့်နေ့:ဇူလိုင်လ ၂၇ ရက်, ၂၀၂၅
📺 တိုက်ရိုက်ထုတ်လွှင့်မည့်နေရာ: NCBAC ၏ တရားဝင် Facebook Page

]]>
https://ncbac.us/raffle-2025/feed/ 0
ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူတော်မြတ်ပျံလွန်တော်မူ။ https://ncbac.us/%e1%80%95%e1%80%af%e1%80%95%e1%80%ba%e1%80%9b%e1%80%9f%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%96%e1%80%9b%e1%80%94%e1%80%ba%e1%80%85/?utm_source=rss&utm_medium=rss&utm_campaign=%25e1%2580%2595%25e1%2580%25af%25e1%2580%2595%25e1%2580%25ba%25e1%2580%259b%25e1%2580%259f%25e1%2580%2594%25e1%2580%25ba%25e1%2580%25b8%25e1%2580%2599%25e1%2580%2584%25e1%2580%25ba%25e1%2580%25b8%25e1%2580%2580%25e1%2580%25bc%25e1%2580%25ae%25e1%2580%25b8%25e1%2580%2596%25e1%2580%259b%25e1%2580%2594%25e1%2580%25ba%25e1%2580%2585 https://ncbac.us/%e1%80%95%e1%80%af%e1%80%95%e1%80%ba%e1%80%9b%e1%80%9f%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%96%e1%80%9b%e1%80%94%e1%80%ba%e1%80%85/#respond Wed, 23 Apr 2025 00:27:00 +0000 https://ncbac.us/?p=5198

ဧပြီလ ၊ ၂၂ ရက် ၊၂၀၂၅ ခုနှစ်။

NCBAC

ရိုမာန် ကက်သလစ် အသင်းတော်၏ ဥသျှောင် ခေါင်းဆောင် ကြီးဖြစ်သည့် ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်သည် ယမာန်နေ့ ဧပြီ၊ ၂၁ ရက်၊၂၀၂၅ ခုနှစ် )တနင်္လာနေ့ ဒေသ (ရောမ )စံတော်ချိန် နံနက် (၀၇:၃၅) နာရီ အချိန် တွင် ပုပ်ဖရန်စစ် စံမြန်းရာ Vatican’s Casa Santa Marta ကျောင်းတော်၌ ပျံလွန်တော်မူခဲ့ပါ သည်။

ငယ်စဉ်က အဆုတ်တစ်စိတ်တစ်ပိုင်းကို ဖယ်ရှားခံခဲ့ရသော Pope Francis သည် ၂၀၂၅ ဖေဖော်ဝါရီ (၁၄)ရက်နေ့၌၊ ရောမမြို့ရှိ Gemelli ဆေးရုံတွင် လည်ချောင်းနာခြင်းကြောင့် ဆေးရုံတက်ခဲ့ရပြီး၊ အဆုတ် အအေး မိခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာကို ပြင်းထန်စွာခံစားခဲ့ရသည်။

သက်တော်(၈၈) နှစ်အရွယ် ရဟန်းမင်းကြီးသည် ပြီးခဲ့သည့်လပိုင်းက ဆေးရုံတက် ကုသမှုခံယူခဲ့ပြီးနောက် ဗာတီ ကန်နန်းတော် ၌ ( ၂) လကြာ အနားယူရန် ဆရာဝန်များမှ အကြံပြုခဲ့ပြီးနောက် ယနေ့ ကွယ် လွန်သွားခြင် ဖြစ်ပါသည်။

ပုပ်ရဟန်းမင်းကြီးသည် အဆုတ်ရောင်(နမိုးနီးယား) ရောဂါဖြစ်ခဲ့ပြီး ဒီအတောအတွင်း အသက်အန္တရာယ် စိုး ရိမ်ရတဲ့အထိ ‘‘အရေးပေါ်အခြေအနေ (၂ ) ကြိမ်’’ကြုံခဲ့ရသည်ဟု ရဟန်းမင်းကြီးကို ကုသပေးခဲ့သောဆရာဝန်အဖွဲ့ မှ ဆရာဝန်တဦးမှ မျက်ချက်ပြုခဲ့ပါသည်။

သူသည် ထိုဆေးရုံတွင် (၃၈) ရက်နေထိုင်ခဲ့ပြီး၊ ၎င်း၏ ပုပ်ရဟန်းမင်းကြီး သက်တမ်း (၁၂) နှစ်တာ အတွင်း၊ အကြာဆုံး ဆေးရုံတက်ရခြင်းဖြစ်ခဲ့သော်လည်း၊ မတ် (၂၃ )ရက်တွင် ဆေးရုံမှ ဆင်းခွင့်ရခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် ကတ်သလစ်သာသနာ ၏ ခေါင်းဆောင်အဖြစ် တာဝန် ထမ်းဆောင်လာသည် မှာ (၁၂ )နှစ်ထဲထို့ ပင်ရောက်ရှိလာခု့ပါသည်။

အီစတာ ရှင်ပြန်ထမြောက်ခြင်းပွဲတော် (ပါစကား ပွဲတော်)တနင်္ဂနွေတွင် ပုပ်ဖရန်စစ်သည် စိန့် ပီတာရင်ပြင်တွင် လူထောင်ပေါင်းများစွာကိုကောင်းချီးပေးရန်အတွက်ထွက်လာပြီး ကောင်း ကြီးပေးခဲ့ သည်။ ထို့နောက် ဗာတီကန် နန်းတော်သို့ရောက်ရှိလာသော အမေရိကန်နိုင်ငံ ၏ ဒုတိယ သမ္မတ JD Vance နှင့် အစိုးရအဖွဲ့ ကို (ဧပြီ၊၂၀၊၂၀၂၅) ရက်နေ့ ဒေသစံတော်ချိန် နံနက် (၁၁း၃၀ )အချိန်တွင် လက်ခံတွေ့ဆုံခဲ့ သည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ် အား (၁၉၃၆)ခုနှစ် ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် အာဂျင်တီးနားတွင် မွေး ဖွားခဲ့ပြီး သူသည် ဓာတုဗေဒပညာရှင်ဖြစ်လာရန် လေ့ကျင့်သင်ကြားခဲ့သည်။

အသက်(၂၁) နှစ်တွင် အသက်အန္တရာယ်ရှိသော အဆုတ်ရောင်ရောဂါကို ခံစားခဲ့ရပြီးနောက်၊ Bergoglio သည် (၁၉၅၈)ခုနှစ်တွင် Society of Jesus သို့မဟုတ် Jesuits အသင်းသို့ ဝင်ရောက်ခဲ့ပြီး (၁၉၆၉) ခုနှစ်တွင် ဘုန်းကြီးအဖြစ် ခန့်အပ်ခံရပြီးနောက်တွင် (၁၉၉၈) ခုနှစ်တွင် Buenos Aires ၏ ဂိုဏ်းချုပ်ဆရာတော် ကြီး ဖြစ်လာခဲ့သည်။

ပုပ်ရဟန်းမင်းကြီး Benedict XVI အနားယူပြီးနော် (၂၀၁၃) ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီးအဖြစ် ခန့်အပ် ခြင်းခံခဲ့ရသည်။ အာဂျင်တီးနားနိုင်ငံသား ပုပ်ဖရန်စစ်သည် ကက်သလစ်အသင်းတော်အတွက်၊ တောင် ပိုင်းကမ္ဘာခြမ်းတွင်မွေးဖွားသည့် ပထမဆုံးပုပ်ရဟန်းမင်း၊ အမေရိကတိုက်တွင်မွေးဖွားသည့်ပထမဆုံး ပုပ်ရဟန်းမင်းနှင့်ပထမဆုံး Jesuit ပုပ်ရဟန်းမင်းဖြစ်သည်။

ပုပ်ဖရန်စစ်သည် ရိုမာန်ကက်သလစ်အသင်းတော်၏ နှစ် (၂,၀၀၀) ကျော်သက်တမ်းမှာ (၂၆၆) ဦးမြောက် ပုပ် ရဟန်းမင်းကြီးဖြစ်လာပြီး ကမ္ဘာတဝန်းရှိ ကက်သလစ်ဘာသာဝင် ဦးရေ သန်းပေါင်း (၁,၄၀၀) ကျော် ကို ဦးဆောင်နေသော ကမ္ဘာတဝန်းရှိ ကက်သလစ်ဘာသာတူများ၏ ခေါင်းဆောင်ကြီးဖြစ်သည်။

ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ် ပျံလွန်တော်မူ ချိန်တွင် သက်တော် (၈၈) နှစ်ရှိပြီ ဖြစ်ကြောင်း ပုပ်ရဟန်း မင်းကြီး ၏ ဗာတီကန်နန်းတော် ရှိ ဗာတီကန် သတင်းဌာန မှဖော်ပြထားချက်အရသိရှိရပါသည်။

အသက်(၈၈) နှစ်၌ပျံလွန်တော်မူသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် မြန်မာပြည်ရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူများ အတွက် အထူးဆုတောင်းပေးကာ မြန်မာပြည်တွင်း စစ်အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲ အခြေအနေများကို အမြဲလိုလို မမေ့မလျော့ ထုတ်ဖော်ကာ၊ ငြိမ်းချမ်းရေးအတွက် ဆုတောင်းတတ်သူ ဖြစ်ပါသည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် (၂၀၁၇ နိုဝင်ဘာလ ) သမ္မတ ဦးထင်ကျော်လက်ထက်တွင် မြန်မာ ပြည်သို့ ကြွရောက်ခဲ့ပြီး ထိုစဉ်က မြန်မာပြည်ရှိ ကက်သလစ်ဘာသာတူများ သိန်းနှင့်ချီကာ သွားရောက် သွားရောက် ကြိုဆိုခဲ့ကြသည်။ ၎င်းသည် ကက်သလစ်အသင်းတော် နှင့် မြန်မာပြည်သမိုင်းတွင် မြန်မာ ပြည်သို့ ပထမ ဦးဆုံး ကြွရောက်ခဲ့သော ပုပ်ရဟန်းမင်းကြီးလည်းဖြစ်သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူတော်မြတ်​၏ ဆန္ဒအတိုင်း အရှင်သူတော်မြတ်အား စိန့်မေရီမေဂျာ ဘာ စီလီကာဘုရားကျောင်းရှိ ပေါ်လိုင်းချဲပယ်လ် (Pauline Chapel) ၌ မြှုပ်နှံသင်္ဂြိုဟ်မည်ဖြစ်ပါသည်။ ဤသေတမ်းစာ သည် ဂျွန်လ (၂၉ )ရက် ၊၂၀၂၂ ) ရက်စွဲပါ သေတမ်းစာတွင် အရှင်သူတော်မြတ်မှ သူ၏ဆန္ဒကို ရေးသားဖော်ပြထားတာဖြစ်ပါသည်။

စျာပနနေ့ရက်အချိန်ကို ဧပြီလ (၂၂) ရက် အဂ်ါနေ့ နံနက် ကာဒီနယ်ကြီများ၏ အစည်းအဝေး ၌ ဆုံးဖြတ်ချက်အရ (ဧပြီလ၊ ၂၆ ရက်၊၂၀၂၅) ရောမ စံတော်ချိန် စနေနေ့ နံနက် (၁၀:၀၀)နာရီ အချိန် (မြန်မာစံတော်ချိန် မွန်းလွဲ ၀၂:၃၀) နာရီအချိန် တွင်ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရပါတယ်။

စိန့်မေရီမေဂျာ ဘာစီလီကာဘုရားကျောင်းသည် အရှင်သူတော်မြတ်ရဲ့ သိုးထိန်းခရီးစဥ်မတိုင်မှီနှင့် ခရီးစဥ်ပြီး ဆုံးချိန်တိုင်း အမိမယ်တော်၏ရှေ့တွင် ဆုတောင်း မေတ္တာပြုလေ့ရှိသော ဘုရားကျောင်းတော်ကြီး ဖြစ်ပါ တယ်။

ရဟန်းမင်းကြီး အဖြစ်ရွယ်ချယ်ခံရပြီး နောက်ရက် မတ်လ (၁၄) ရက် ၊၂၀၁၃ )တွင် ရဟန်းမင်းကြီးအဖြစ် ပထမဆုံးအကြိမ် သွားရောက်ဆုတောင်းခဲ့ပြီး ဧပြီလ (၁၂ )ရက် ၊၂၀၂၅ )တွင် နောက်ဆုံးအကြိမ် သွားရောက် ဆုတောင်းခဲ့ပါတယ်။

(“ကျွန်ုပ်အသက်တာ၏နောက်ဆုံးအချိန်၌ ခံစားရသောဝေဒနာကို ကမ္ဘာကြီးငြိမ်းချမ်းမှုရရှိစေဖို့ရန်နှင့် လူသားထုအကြား သဟဇာတရှိစေဖို့ရန် ကိုယ်တော်ရှင်ထံ ပူဇော်ပါတယ်။” ပုပ် ဖရန်စစ်)

ပျံလွန်သွားပြီဖြစ်သော ပုပ်ရဟန်းမင်းကြီးဖရန်စစ် ၏ ဝိညာဉ် အတွက် ကျွန်နုပ်တို့ ဘာသာတူများ အနေဖြင့် စိပ်ပုတီး စိပ်ခြင်းဖြင့်သော်လည်းကောင်း ၊အထူးသတိရ ဆုတောင်းပေး ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

]]>
https://ncbac.us/%e1%80%95%e1%80%af%e1%80%95%e1%80%ba%e1%80%9b%e1%80%9f%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%96%e1%80%9b%e1%80%94%e1%80%ba%e1%80%85/feed/ 0
၁၄ ကြိမ်မြောက် NCBAC ပွဲတော်ကြီးအလှူရှင်များဖိတ်ခေါ်ခြင်း https://ncbac.us/%e1%81%81%e1%81%84-%e1%80%80%e1%80%99%e1%80%99%e1%80%80-ncbac-%e1%80%95%e1%80%90%e1%80%80%e1%80%a1%e1%80%9c%e1%80%9b%e1%80%84%e1%80%99%e1%80%96%e1%80%90%e1%80%81%e1%80%81%e1%80%84/?utm_source=rss&utm_medium=rss&utm_campaign=%25e1%2581%2581%25e1%2581%2584-%25e1%2580%2580%25e1%2580%2599%25e1%2580%2599%25e1%2580%2580-ncbac-%25e1%2580%2595%25e1%2580%2590%25e1%2580%2580%25e1%2580%25a1%25e1%2580%259c%25e1%2580%259b%25e1%2580%2584%25e1%2580%2599%25e1%2580%2596%25e1%2580%2590%25e1%2580%2581%25e1%2580%2581%25e1%2580%2584 https://ncbac.us/%e1%81%81%e1%81%84-%e1%80%80%e1%80%99%e1%80%99%e1%80%80-ncbac-%e1%80%95%e1%80%90%e1%80%80%e1%80%a1%e1%80%9c%e1%80%9b%e1%80%84%e1%80%99%e1%80%96%e1%80%90%e1%80%81%e1%80%81%e1%80%84/#respond Wed, 09 Apr 2025 12:38:00 +0000 https://ncbac.us/?p=5206

အလှူရှင်များဖိတ်ခေါ်ခြင်း

ယခုလာမည့် ၁၄ ကြိမ်မြောက် NCBAC ပွဲတော်ကြီးကို Florida ပြည်နယ်၊ Jacksonville မြို့၌ ဩဂုတ်လ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့ များတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ရန် စီစဉ်လျှက်ရှိပါသည်။ NCBAC မှ EC အဖွဲ့ဝင်များ၊ Jacksonville ရှိ ဘာသာတူများ နှင့် အမေရိကန်နိုင်ငံတွင် ရောက်ရှိနေကြသော မြန်မာ ကက်သလစ် ဘုန်းတော်ကြီးများအဖွဲ့ အစည်း တို့မှ ဤပွဲတော် အောင်မြင်စွာဖြစ်မြောက်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးစားလျှက် ရှိပါသည်။ အချိန်အနည်းငယ်အတွင်း အခက်အခဲ များကြားမှ ဤပွဲ ဖြစ်မြောက်ရေးအတွက် ပြင်ဆင်ရခြင်းကြောင့်၊ ငွေအင်အား၊ လူအင်အား အထူး လိုအပ်လျှက်ရှိပါသည်။ သို့ဖြစ်ပါ၍၊ အိမ်ရှင် ဘာသာတူများ နှင့်တကွ၊ NCBAC ပွဲဖြစ်မြောက်ရေး ကော်မတီ တို့မှ အမေရိကန် နိုင်ငံတွင်ရောက်ရှိနေထိုင်နေကြသော ကက်သလစ်ဘာသာဝင်များမှ ငွေကြေးအားဖြင့်ဖြစ်စေ၊ မိမိလုပ်အား (volunteering) ဖြင့်ဖြစ်စေ တက်အားသရွေ့ပါဝင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကုန်ကျစရိတ်များ ကာမိစေရန် ဝင်ကြေး (Registration Fees) အား ယခင်နှစ်များမှ ကောက်ခံခဲ့သည့်၊ တစ်ဦးလျှင် $20 မှ ဤနှစ်တွင် online မှ registration ပြုလုပ်လျှင် $30 ကောက်ခံသွားမည် ဖြစ်ပါသည်။ ပွဲတော်အတွင်း on-site ၌ registration ပြုလုပ်လျှင် $35 ကောက်ခံမည် ဖြစ်ပါသည်။ ဤ Registration fees အား တိုးမြှင့်ကောက်ခံခြင်း မပြုလုပ်လိုပါသော်လည်း၊ ဤသို့တိုးမြှင့်ကောက်ခံခြင်းအားဖြင့်၊ အခက်အခဲများ ကို တဖက်တလမ်းမှ အကူအညီဖြစ်စေမည် ဖြစ်ကောင်း အသိပေးအပ်ပါသည်။

Registration fees အတွက်အခက်အခဲရှိ​သော မိသားစုများ

NCBAC မှ တာဝန်ရှိသူများကို​တိုက်ရိုက်သော်၄င်း admin@ncbac သို့​သော်၄င်း ဆက်သွယ်အကူအညီရယူနိုင်ပါ​ကြောင်းလည်းဖြည့်စွက်အသိ​ပေးအပ်ပါသည်။

သို့ဖြစ်ပါ၍၊ အမေရိကားရောက် မြန်မာ ကက်သလစ် ဘာသာတူများအား အထက်တွင် ဖေါ်ပြခဲ့သည့်အတိုင်း ငွေ အားဖြင့်ဖြစ်စေ၊ လုပ်အားပေးခြင်းအားဖြင့်ဖြစ်စေ၊ ဤနှစ် မြန်မာ ကက်သလစ်များတွေ့စုံ နှီးနှောဖလှယ်ပွဲ ကို အင်တိုက်အားတိုက် ပါဝင်ကြပါရန် လေးစားစွာဖြင့်တိုက်တွန်းနှိုးဆော်အပ်ပါသည်။

အောက်ပါ link များမှ ပါဝင်လှူဒါန်းနိုင်ပါသည်။

(Zelle)

ncbac2022@gmail.com

(PayPal)

https://www.paypal.com/paypalme/ncbac?country.x=US…

(Credit Card)

https://donate.stripe.com/cN22aqe3v0iv7YYfYY

(အစားအသေက်အလှူရှင်)

https://forms.gle/CHRVED9UU5mGh3i76

Registration (Jacksonville, FL 2025) Link

https://forms.gle/8FVLhn9S152rojLL8

Check ဖြင့်ပါဝင်လှူဒါန်းလိုပါက၊ အောက်ပါလိပ်စာသို့ ပေးပို့လှူဒါန်းနိုင်ပါသည်။

National Conference of Burmese American Catholics

415 Michigan Avenue, NE,

PO BOX 17 | Washington, DC 20017

ကျေးဇူးတင်စွာဖြင့်

NCBAC

]]>
https://ncbac.us/%e1%81%81%e1%81%84-%e1%80%80%e1%80%99%e1%80%99%e1%80%80-ncbac-%e1%80%95%e1%80%90%e1%80%80%e1%80%a1%e1%80%9c%e1%80%9b%e1%80%84%e1%80%99%e1%80%96%e1%80%90%e1%80%81%e1%80%81%e1%80%84/feed/ 0
NCBAC ၏ ၁၄ ကြိမ်မြောက် တွေ့ဆုံနှီးနှောဖလှယ်ပွဲတော်ကြီးအတွက် အစည်းအဝေး ကျင်းပ https://ncbac.us/ncbacmeeting03-2025/?utm_source=rss&utm_medium=rss&utm_campaign=ncbacmeeting03-2025 https://ncbac.us/ncbacmeeting03-2025/#respond Sun, 23 Mar 2025 00:45:00 +0000 https://ncbac.us/?p=5210

၂၀၂၅ မတ်လ ၂၂ ရက် –

အမေရိကန်ရောက်မြန်မာကက်သလစ်အသင်းကြီးဖြစ်သော National Conference of Burmese American Catholics (NCBAC) သည် ၂၀၂၅ ခုနှစ်အတွက် သုံးကြီမ်မြောက် အစည်းအဝေး (03/2025) ကို မတ်လ ၂၂ ရက် ည ၈ နာရီ (EST) တွင် Zoom မှတစ်ဆင့် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် NCBAC ၏ နာယကကြီး ဖြစ်သော ဘုန်းတော်ကြီး Fr John Paul မှ အဖွင့်ဆုတောင်းပြီး၂၀၂၅ ခုနှစ် ဩဂုတ် ၂၉-၃၁ ရက်တွင် ဖလော်ရီဒါပြည်နယ်၊ ဂျက်ခ်ဆင်ဗီးလ် (Jacksonville, FL) တွင် ကျင်းပမည့် ၁၄ ကြိမ်မြောက် NCBAC ၏ တွေ့ဆုံနှီးနှောဖလှယ်ပွဲတော်ကြီးအတွက် ပြင်ဆင်မှုများကို ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲသို့NCBAC မှတာဝန်ရှိသူများ၊ ဖလော်ရီဒါရှိ မြန်မာကက်သလစ် အဖွဲ့အစည်းများမှ တာဝန်ရှိသူအချို့နှင့် လေ့လာသူများပါဝင်တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးရာတွင် ပွဲတော်ကျင်းပမည့်နေရာ (Venue)အတည်ပြုခြင်း၊ ဘတ်ဂျက်ခန့်မှန်းခြင်း၊ စေတနာ့ဝန်ထမ်းများ စီမံခန့်ခွဲမှု၊ နှင့် ပွဲတော်ကျင်းပရေးတွင်တာဝန်များခွဲဝေအပ်နှင်းရေးများ အပြင် ဒေသခံအဖွဲ့အစည်းများ၏ ပြင်ဆင်လျာထားချက်များကို အကျယ်တစ်ဝင့်ဆွေးနွေးခဲ့ကြပါသည်။ NCBAC ဉက္ကဋ္ဌ မှပွဲတော်ကြီးကို အောင်မြင်စွာ ကျင်းပနိုင်ရန် ပူးပေါင်းဆောင်ရွက်မှုနှင့် ထိရောက်မှုတို့၏ အရေးကြီးမှုကို အထူးသတိပြုပြောကြားခဲ့သည်။

ထို့နောက် ဘုန်းတော်ကြီး Fr Michael Lian မှအပိတ်ကောင်းချီးမဂ်လာဆုတောင်းခြင်းဖြင့်အစည်းအဝေးအား ည၁၀ နာရီတွင်အောင်မြင်စွာရုတ်သီမ်းခဲ့ပါသည်။

Date -August 29-31, 2025

Place- Deerwood Castle

7601 Centurion Pkwy,

Jacksonville, FL 32256

JT@NCBAC

]]>
https://ncbac.us/ncbacmeeting03-2025/feed/ 0
အမေရိကန်နိုင်ငံတွင်းရှိ မြန်မာကက်သလစ် အဖွဲ့များ NCBAC တွင်မိမိဒေသခံ ကိုယ်စားလှယ်များရွေးချယ်ခန့်အပ်နိိုင်ခြင်း https://ncbac.us/community-representatives/?utm_source=rss&utm_medium=rss&utm_campaign=community-representatives https://ncbac.us/community-representatives/#respond Mon, 13 Jan 2025 00:48:00 +0000 https://ncbac.us/?p=5215

ချစ်ခင်ရပါသော ဘာသာတူ ညီအကိုမောင်နှမများခင်ဗျာ၊

NCBAC သည် လက်ရှိ အခြေအနေ အချိန်အခါ​၏ လိုအပ်ချက်များအရ ပိုမိုတောင့်တင်းပြီး၊ ကျစ်လစ်ခိုင် မာသော အဖွဲ့အစည်းဖြစ်လာ စေရန် အတွက်၊ ပြုပြင် မွန်းမံပြင်ဆင်မှုများဆောင်ရွက်လျှက် ရှိပါသည် www.ncbacreform2025.org ။ ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့်၊ NCBAC ၏ လုပ်ငန်းဆောင်တာများပိုမို ကျယ်ပြန့်စွာလုပ်ဆောင်နိုင်ရန် နှင့်၊ ပိုမိုခိုင်မာသော လူထု ဆက်ဆံရေးတည်ဆောက်နိုင်ရန် မျှော်လင့်ပါသည်။ ထို့အပြင်၊ အနာဂါတ် NCBAC ဦးဆောင်မှုကဏ္ဍတွင်အားလုံးပါဝင် အမှုဆောင်နိုင် ရေးကိုရှေးရှု မျော်လင့်ပါသည်။ ထိုသို့လုပ်ဆောင်ရာတွင်၊ အမေရိကန်နိုင်ငံအတွင်း၊ ဒေသအသီးသီး၌ ကက်သလစ်ဘာသာကို အခြေခံ ဖွဲ့ စည်းထားပြီးသောအဖွဲ့ များ၊ သို့မဟုတ် စတင်ဖွှဲ့စည်းမည့် အဖွဲ့များ သို့မဟုတ်၊ ကက်သလစ် ဘာသာဝင် ပုဂ္ဂိုလ်တစ်ဦးခြင်း အားလုံးပါဝင်ပါသည်။ ထိုနေရာတွင် ​ဒေသအခြေခံ သော်၎င်း၊ လူမျိုးစုကို အခြေခံသော ကက်သလစ် အသင်းအဖွဲ့ များ အားလုံးကို ဆိုလိုပါသည်။

ကိုယ်စားလှယ်များ ရွေးချယ်ခြင်း

——————————–

သို့ဖြစ်ပါ၍၊ NCBAC ၏ ပြုပြင်ပြောင်းလည်းမှုများအား အကောင်အထည်ဖေါ်ဆောင်နိုင်ရန် အတွက်၊မြန်မာကက်သလစ် community (ဒေသအလိုက် သို့မဟုတ် လူမျိုးအခြေခံအစုအဝေးအလိုက်) ကိုယ်စားလှယ်တစ်ဦး သို့မဟုတ် နှစ်ဦးကို ရွေးချယ်၍၊ NCBAC သို့ဆက်သွယ်ပါရန် ဒေသခံ ကိုယ်စားလှယ် များအားဖိတ်ခေါ်အပ်ပါသည်။ ၎င်းကိုယ်စားလှယ် တို့သည် မိမိတို့ ဒေသခံအသင်းအဖွဲ့ နှင့် NCBAC အမှုဆောင်ကော်မတီတို့အကြား ဆက်ဆံရေးကို စီမံခန့်ခွဲ၍၊ အချက်အလက်များကို ပေးပို့လုပ်ဆောင်မည့် ပလပ်ဖောင်းတစ်ခုအဖြစ် အကောင်အထည်ဆောင်သွားမည်ဖြစ် ပါသည်။

ကိုယ်စားလှယ်များ၏ တာဝန်နှင့် အကြောင်းအရာ

————————————————

ရွေးချယ်ထားသော ကိုယ်စားလှယ်များသည် NCBAC ၏ အစည်းအဝေးများတွင်ပါဝင်ပြီး၊ ဗဟိုကော်မတီ အစည်းအဝေးမှ ဖြစ်ပေါ်လာသော သတင်းအချက်အလက်များ၊ အစီအစဉ်များနှင့် လုပ်ငန်းဆောင်တာများကို မိမိ၏ဒေသအဖွဲ့အစည်း နှင့် ဘာသာတူများထံသို့တိုက်ရိုက်၊ သတင်းပေး၊ အသ်ပေးနိုင်မည် ဖြစ်သည်။ ထို့အပြင်၊ မိမိ အသင်းအဖွဲ့၏ ဘာသာရေး၊ ဝိဉာဉ်ရေးဆိုင်ရာတောင်းဆိုချက်၊ လမ်းညွှန်ချက် အကြံဉာဏ်များကို NCBAC သို့ တိုက်ရိုက်အသိပေး ခွင့်ရ ရှိစေမည်ဖြစ်ပါသည်။

ထို့အပြင်၊ ဝိညာဉ်ရေး၌လိုအပ်သည့် အရာများရှိပါကလည်း၊ NCBAC အမှုဆောင်ကော်မတီ နှင့် အမေရိကန်ပြည်ထောင်စု တွင်ရော​က်ရှိနေကြသော မြန်မာ ကက်သလစ် ဘုန်းတော် ကြီးများအဖွဲ့သို့ တိုက်ရိုက် ဆက်သွယ် နိုင်မည်ဖြစ်ပါသည်။ ထိုမျှမက၊ သာရေး၊ နာရေး အရေးပေါ် အခြေအနေများတွင်လည်း၊ လိုအပ်သည့် ဘာသာရေးဆိုင်ရာ အကူအညီများရရှိ နိုင်ရန်လည်း ထို ကိုယ်စားလှယ်များမှ NCBAC သို့တိုက်ရိုက် ဆက်သွယ် အကူအညီ တောင်းခံနိုင်မည် ဖြစ်ပါသည်။

အုပ်ချုပ်ရေးကော်မတီ တွင်ပါဝင်ခြင်း

———————————–

ထို့အပြင်၊ ဒေသခံကိုယ်စားလှယ်များသည် NCBAC ၏ အုပ်ချုပ်ရေးကော်မတီ (EC) တွင် အဖွဲ့ဝင်တစ်ဦးအဖြစ်လည်းရွေးချယ် တာဝန်ယူနိုင်မည့်အခွင့်အရေးရရှိစေမည်ဖြစ်ပါသည်။

အသေးစိပ်အချက်အလက်များအား www.ncbacreform2025.org တွင်ဆက်လက်လေ့လာနိုင်ပါသည်။

ကိုယ်စားလှယ်အမည်စာရင်းနှင့် အသေးစိတ်အချက်အလက်များအား

admin@ncbac.us

သို့ မဟုတ်

သို့မဟုတ်

လက်ရှိအမှုဆောင်ကော်မတီ https://ncbac.us/ec-2022/

သို့ လည်းဆက်သွယ်မေးမြန်း၍ ကိုယ်စားလှယ်စာရင်း တင်သွင်း နိုင်ပါကြောင်းအသိပေးအပ်ပါသည်။

www.ncbacreform2025.org

ခရစ်တော်နှင့်အတူ

NCBAC

]]>
https://ncbac.us/community-representatives/feed/ 0
၂၀၂၅ တွင်ကျရောက်မည့် ၁၄ ကြိမ်မြောက် NCBAC ပွဲတော် https://ncbac.us/14th-annual-conference/?utm_source=rss&utm_medium=rss&utm_campaign=14th-annual-conference https://ncbac.us/14th-annual-conference/#respond Thu, 02 Jan 2025 00:53:00 +0000 https://ncbac.us/?p=5220

ယခုလာမည့် ၂၀၂၅ ခုနှစ် တွင် ကျရောက်မည့်၊ ၁၄ ကြိမ်မြောက် NCBAC ပွဲတော်ကြီးကို၊ Florida ပြည်နယ်၊ Jacksonville မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း၊ ဤနှစ်သစ် အခါသမယတွင်သတင်းကောင်း ပါးအပ်ပါသည်။ ဤပွဲတော်ကို Labor Day Weekend ဖြစ်သော August 29-31 တွင်ကျင်းပမည်ဖြစ်ပါသည်။

https://ncbac.us/2025annualconference/

သို့ဖြစ်ပါ၍၊ ပြည်နယ် အသီးသီးရှိ၊ ကက်သလစ်ဘာသာဝင် ညီအစ်ကို မောင်နှမ များကို NCBAC အလုပ် အမှုဆောင် များနှင့် Jacksonville ရှိကက်သလစ် ဘာသာတူများ မှ၊ ဤ ၁၄ ကြိမ်မြောက် NCBAC ပွဲတော်သို့ အားတက်သရော လာရောက်ပါဝင် ကြပါရန်၊ ခရစ်တော်၏ နာမတော်မြတ်၌ လေးစားစွာ ဖိတ်မန္တက ပြုအပ်ပါ သည်။ ဤ ၂၀၂၅ ခုနှစ်မှာ၊ ကျွန်ုပ်တို့ ကက်သလစ် အသင်းတော်၏ ဂျူဗလီနှစ် ဖြစ်သည် နှင့်အညီ၊ ခရစ်တော်၏ လူသားအဖြစ်ခံယူခြင်း နှစ် ပတ်လည်နှစ်၌ ဆုတောင်းခြင်းနှင့် ကျေးဇူးတော် ခံယူခြင်းအားဖြင့်၊ ဤ NCBAC ပွဲတော်သို့ အမေရိကားရောက် မြန်မာ ကက်သလစ် ဘာသာတူများအား၊ အင်တိုက် အားတိုက် ပါဝင်ကြရန် နှိုးဆော် အပ်ပါ သည်။

အကြောင်းအမျိုးမျိုးကြောင့်၊ North Carolina ပြည်နယ် Charlotte မြို့ တွင်ကျင်းပခဲ့သော ၊ ၁၃ ကြိမ်မြောက် NCBAC ပွဲတော် အတွင်း၌ မကြေညာနိုင်ခဲ့ခြင်းအတွက် နားလည် ခွင့်လွှတ်ပေးကြပါရန် လည်းတောင်းပန်အပ်ပါသည်။ ဤပွဲတော် ကျင်းပရန် နေရာနှင့်၊ ကျန် အသေးစိတ် အချက်အလက်များကို သင့်လျော်သည့် အချိန်တွင်၊ NCBAC ၏ social platform များမှ အချိန်နှင့် တပြေးညီ ထုတ်ပြန် အသိပေးသွားပါမည်။

Executive Committee (NCBAC)

]]>
https://ncbac.us/14th-annual-conference/feed/ 0
အမေရိကားရောက်မြန်မာကက်သလစ်များအဖွဲ့ ချုပ် (NCBAC) ၏ ၁၃ ကြိမ်မြောက်နှစ်ပတ်လည်ပွဲတော်အားသုံးသပ် အကြံပြုဆွေးနွေး https://ncbac.us/review-of-the-event-2024/?utm_source=rss&utm_medium=rss&utm_campaign=review-of-the-event-2024 https://ncbac.us/review-of-the-event-2024/#respond Tue, 17 Dec 2024 00:58:00 +0000 https://ncbac.us/?p=5223

၂၀၂၄၊ ဒီဇင်ဘာလ ၁၆ရက် –

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ညနေ (၈) နာရီအချိန်တွင် NCBAC အမှုဆောင်ကော်မတီဝင်များသည်North Carolina ပြည်နယ် Charlotte မြို့ တွင်ကျင်းပပြီးစီးခဲ့သော NCBAC ၏ (၁၃) ကြိမ်မြောက်နှစ်ပတ်လည်ပွဲတော် ၏အားနည်းချက်နှင့်အားသာချက်များသုံးသပ်ဆွေးနွေးပွဲတစ်ရပ်အား Zoom ဖြင့် စည်းဝေးကာ၊ အကြံပြုချက်များဖြင့် ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် NCBAC ဉက္ကဌမှ အမှုဆောင်ကော်မတီဝင်များ၏အပြောင်းအလဲစါရင်းကိုအတည်ပြုကြေငြာခဲ့ပါသည်။ ထို့နောက်တွင်အစည်းအဝေးတက်ရောက်သူများမှ ပွဲတော်ကြီး၏ ကဏ္ဍအလိုက်အားသာချက်နှင့် အားနည်းချက်များ၊ ပွဲတက်ရောက်ပရိတ်သတ်များ၏အကြံပြုချက်များ၊ ဆွေးနွေးအကြံပြုခဲ့ကြပါသည်။ အစည်းအဝေးတွင် ဘဏ္ဍာ ရေး၊ ဘာသာရေးဆိုင်ရာဟောပြောချက်များ၊ မီစ္ဆားပူဇော်ခြင်း၊ကိုတော်မြတ်ကိုးကွယ်ခြင်း၊ ဖြော်ဖြေရေးကဏ္ဍ၊ရုပ်သံ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှူ၊ လူငယ်ပိုင်းဆိုင်ရာများနှင့် အထွေထွေလိုအပ်ချက်များအားအကျယ်တဝင့်ဆွေးနွေးသုံးသပ်ခဲ့ကြပါသည်။

ထို့နောက်အစည်းအဝေးကို NCBAC ၏ နာယက Rev. John Paul မှ အပိတ် ဆုတောင်းခြင်းဖြင့် ည ၁၀:၀၀ နာရီအချိန်တွင် အဆုံးသတ်ခဲ့သည်။

NCBAC အမှူဆောင်ကော်မတီသည် NCBAC ၏ ပိုမိုကျယ်ပြန့်သော လုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရန်အတွက် ပြုပြင်ဆောင်ရွက်လျှက်ရှိရာ ဘာသာတူများအနေဖြင့် suggestions များကို admin@ncbac.us သို့ပေးပို့ကူညီနိုင်ပါသည်။

JT@ncbac

]]>
https://ncbac.us/review-of-the-event-2024/feed/ 0
(၁၃) ကြီမ်မြောက် NCBAC ပွဲတော်အတွက်ပြင်ဆင် https://ncbac.us/preparing-for13th-annual-conference/?utm_source=rss&utm_medium=rss&utm_campaign=preparing-for13th-annual-conference https://ncbac.us/preparing-for13th-annual-conference/#respond Wed, 21 Aug 2024 18:09:31 +0000 https://ncbac.us/?p=4353

(၁၃) ကြီမ်မြောက် NCBAC ပွဲတော်အတွက်ပြင်ဆင်

၂၀၂၄ နိုဝင်ဘာ ၂၈ မှ ၃၀ အထိ North Carolina ပြည်နယ် Charlotte မြို့တော်ကြီးတွင် ကျင်းပတော့မည်ဖြစ်သည့် အမေရိကန်နိုင်ငံရှိ မြန်မာကက်သလစ်များ၏ အမျိုးသားညီလာခံ (NCBAC) ၏ ၁၃ ကြီမ်မြောက် နှစ်ပတ်လည်ညီလာခံအတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်လျှက်ရှိရာ ဝိဋာည်ရေး တာဝန်ခံ Fr Paul Htun Khine, လက်ထောက်ဝိဋာည်ရေး တာဝန်ခံ ဆရာ John Sailon၊ ဉက္ကဌ Maurice Lee နှင့် ကော်မတီ အဖွဲ့ဝင်များ လိုက်ပါလျှက် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပတော့ မည်ဖြစ်သော NCBAC ၏ပွဲတော်ကို ကျင်းပရန် ပြင်ဆင်လျှက်ရှိသော မြောက်ကာရိုလိုင်းနားပြည်နယ်ရှိ community ဦးဆောင်သူမျာ:နှင့် အတူ ပွဲတော်အကြို ပြင်ဆင်မှုထား မှူ များကို ဩဂုတ်လ ၁၇ နေ့တွင် North Carolina ပြည်နယ် Charlotte မြို့တွင် ရောက်ရှိပြီး ကြည့်ရှုစစ်ဆေး၍လိုအင်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြကာ ဩဂုတ်လ ၁၉ ရက်နေ့တွင် ပြန် လည်ထွက်ခွါခဲ့ကြပါသည်။

အမှုဆောင်ကော်မတီဝင်များသည် ပွဲတော်ကျင်းပမည့်ခန်းမအခြေအနေ၊ ချက်ပြုတ်ကျွေးမွေးရေးဆောင်ရွက်ထားမှူ များ၊ ဧည့်ခံကြိုဆိုရေး အခြေအနေများ၊ ပွဲတော်၏အစီအစဉ်များ နှင့် choir သီချင်းလေ့ကျင့်နေမှူများအား တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

ထို့အပြင် မြောက်ကာရိုလိုင်းနားပြည်နယ်ရှိ Charlotte community ဘာသာတူ များနှင့် အတူဆွေးနွေးခြင်း၊ စုပေါင်းမစ္စားဝတ်ပြုခြင်း၊ မှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်းစသည်ဖြင့် ပျော်ရွှင်စွာ မိတ်သဟာရပြုစုရုံးခဲ့ကြပါသည်။

NCBAC သည် မိမိ၏ နှစ်ပတ်လည် ပွဲတော်ကြီးကို နှစ်စဉ်ကျင်းပလျှက်ရှိရာ ယခုနှစ် ၂၀၂၄ ခုနှစ် (၁၃) ကြီမ်မြောက်နှစ်ပတ်လည်ပွဲတော်ကြီးကို လည်းယခင်နှစ်များနည်းအတူ စည်ကားသိုက်ဝန်းစွာ ကျင်းပသွားမည် ဖြစ်ပါသည်။

အသေးစိပ်အချက်အလက်များကို NCBAC ၏ official medias များနှင့် North Carolina media တွငဆက်သွယ်စုံစမ်းနိုင်ပါသည်။

(၁၃) ကြီမ်မြောက် NCBAC ပွဲတော် Links

https://ncbac.us/2024-annual/

Charlotte Myanmar Catholic Community

ကျင်းပမည့်နေ့ ။ နိုဝင်ဘာ ၂၈ မှ ၃၀၊၂၀၂၄

နေရာ ။ Oasis Shriners

604 Doug Mayes Pl

Charlotte, NC 28262

——————————————————————————————————————–

NCBAC medias:

#NCBAC website – www.ncbac.us

#NCBAC facebook page- https://www.facebook.com/officialncbac

#NCBAC Instagram – https://www.instagram.com/ncbac2010

#NCBAC Telegram Channel – https://t.me/ncbac

#NCBAC Youtube Channel – https://youtube.com/channel/UCTFkTsbPVAR3eOfrjl4-YQQ

များတွင်ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။

]]>
https://ncbac.us/preparing-for13th-annual-conference/feed/ 0