၂၀၂၅ မတ်လ ၂၂ ရက် –

အမေရိကန်ရောက်မြန်မာကက်သလစ်အသင်းကြီးဖြစ်သော National Conference of Burmese American Catholics (NCBAC) သည် ၂၀၂၅ ခုနှစ်အတွက် သုံးကြီမ်မြောက် အစည်းအဝေး (03/2025) ကို မတ်လ ၂၂ ရက် ည ၈ နာရီ (EST) တွင် Zoom မှတစ်ဆင့် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် NCBAC ၏ နာယကကြီး ဖြစ်သော ဘုန်းတော်ကြီး Fr John Paul မှ အဖွင့်ဆုတောင်းပြီး၂၀၂၅ ခုနှစ် ဩဂုတ် ၂၉-၃၁ ရက်တွင် ဖလော်ရီဒါပြည်နယ်၊ ဂျက်ခ်ဆင်ဗီးလ် (Jacksonville, FL) တွင် ကျင်းပမည့် ၁၄ ကြိမ်မြောက် NCBAC ၏ တွေ့ဆုံနှီးနှောဖလှယ်ပွဲတော်ကြီးအတွက် ပြင်ဆင်မှုများကို ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲသို့NCBAC မှတာဝန်ရှိသူများ၊ ဖလော်ရီဒါရှိ မြန်မာကက်သလစ် အဖွဲ့အစည်းများမှ တာဝန်ရှိသူအချို့နှင့် လေ့လာသူများပါဝင်တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးရာတွင် ပွဲတော်ကျင်းပမည့်နေရာ (Venue)အတည်ပြုခြင်း၊ ဘတ်ဂျက်ခန့်မှန်းခြင်း၊ စေတနာ့ဝန်ထမ်းများ စီမံခန့်ခွဲမှု၊ နှင့် ပွဲတော်ကျင်းပရေးတွင်တာဝန်များခွဲဝေအပ်နှင်းရေးများ အပြင် ဒေသခံအဖွဲ့အစည်းများ၏ ပြင်ဆင်လျာထားချက်များကို အကျယ်တစ်ဝင့်ဆွေးနွေးခဲ့ကြပါသည်။ NCBAC ဉက္ကဋ္ဌ မှပွဲတော်ကြီးကို အောင်မြင်စွာ ကျင်းပနိုင်ရန် ပူးပေါင်းဆောင်ရွက်မှုနှင့် ထိရောက်မှုတို့၏ အရေးကြီးမှုကို အထူးသတိပြုပြောကြားခဲ့သည်။

ထို့နောက် ဘုန်းတော်ကြီး Fr Michael Lian မှအပိတ်ကောင်းချီးမဂ်လာဆုတောင်းခြင်းဖြင့်အစည်းအဝေးအား ည၁၀ နာရီတွင်အောင်မြင်စွာရုတ်သီမ်းခဲ့ပါသည်။

Date -August 29-31, 2025

Place- Deerwood Castle

7601 Centurion Pkwy,

Jacksonville, FL 32256

JT@NCBAC