(၁၃) ကြီမ်မြောက် NCBAC ပွဲတော်အတွက်ပြင်ဆင်

၂၀၂၄ နိုဝင်ဘာ ၂၈ မှ ၃၀ အထိ North Carolina ပြည်နယ် Charlotte မြို့တော်ကြီးတွင် ကျင်းပတော့မည်ဖြစ်သည့် အမေရိကန်နိုင်ငံရှိ မြန်မာကက်သလစ်များ၏ အမျိုးသားညီလာခံ (NCBAC) ၏ ၁၃ ကြီမ်မြောက် နှစ်ပတ်လည်ညီလာခံအတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်လျှက်ရှိရာ ဝိဋာည်ရေး တာဝန်ခံ Fr Paul Htun Khine, လက်ထောက်ဝိဋာည်ရေး တာဝန်ခံ ဆရာ John Sailon၊ ဉက္ကဌ Maurice Lee နှင့် ကော်မတီ အဖွဲ့ဝင်များ လိုက်ပါလျှက် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပတော့ မည်ဖြစ်သော NCBAC ၏ပွဲတော်ကို ကျင်းပရန် ပြင်ဆင်လျှက်ရှိသော မြောက်ကာရိုလိုင်းနားပြည်နယ်ရှိ community ဦးဆောင်သူမျာ:နှင့် အတူ ပွဲတော်အကြို ပြင်ဆင်မှုထား မှူ များကို ဩဂုတ်လ ၁၇ နေ့တွင် North Carolina ပြည်နယ် Charlotte မြို့တွင် ရောက်ရှိပြီး ကြည့်ရှုစစ်ဆေး၍လိုအင်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြကာ ဩဂုတ်လ ၁၉ ရက်နေ့တွင် ပြန် လည်ထွက်ခွါခဲ့ကြပါသည်။

အမှုဆောင်ကော်မတီဝင်များသည် ပွဲတော်ကျင်းပမည့်ခန်းမအခြေအနေ၊ ချက်ပြုတ်ကျွေးမွေးရေးဆောင်ရွက်ထားမှူ များ၊ ဧည့်ခံကြိုဆိုရေး အခြေအနေများ၊ ပွဲတော်၏အစီအစဉ်များ နှင့် choir သီချင်းလေ့ကျင့်နေမှူများအား တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

ထို့အပြင် မြောက်ကာရိုလိုင်းနားပြည်နယ်ရှိ Charlotte community ဘာသာတူ များနှင့် အတူဆွေးနွေးခြင်း၊ စုပေါင်းမစ္စားဝတ်ပြုခြင်း၊ မှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်းစသည်ဖြင့် ပျော်ရွှင်စွာ မိတ်သဟာရပြုစုရုံးခဲ့ကြပါသည်။

NCBAC သည် မိမိ၏ နှစ်ပတ်လည် ပွဲတော်ကြီးကို နှစ်စဉ်ကျင်းပလျှက်ရှိရာ ယခုနှစ် ၂၀၂၄ ခုနှစ် (၁၃) ကြီမ်မြောက်နှစ်ပတ်လည်ပွဲတော်ကြီးကို လည်းယခင်နှစ်များနည်းအတူ စည်ကားသိုက်ဝန်းစွာ ကျင်းပသွားမည် ဖြစ်ပါသည်။

အသေးစိပ်အချက်အလက်များကို NCBAC ၏ official medias များနှင့် North Carolina media တွငဆက်သွယ်စုံစမ်းနိုင်ပါသည်။

(၁၃) ကြီမ်မြောက် NCBAC ပွဲတော် Links

https://ncbac.us/2024-annual/

Charlotte Myanmar Catholic Community

ကျင်းပမည့်နေ့ ။ နိုဝင်ဘာ ၂၈ မှ ၃၀၊၂၀၂၄

နေရာ ။ Oasis Shriners

604 Doug Mayes Pl

Charlotte, NC 28262

——————————————————————————————————————–

NCBAC medias:

#NCBAC website – www.ncbac.us

#NCBAC facebook page- https://www.facebook.com/officialncbac

#NCBAC Instagram – https://www.instagram.com/ncbac2010

#NCBAC Telegram Channel – https://t.me/ncbac

#NCBAC Youtube Channel – https://youtube.com/channel/UCTFkTsbPVAR3eOfrjl4-YQQ

များတွင်ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။