မြန်မာပြည်တွင်းနှင့် ပြည်ပတွင်ရောက်ရှိနေကြသော ရဟန်း၊ သီလရှင် နှင့် ကိုရင်များအား လုံးကို Texas ပြည်နယ် Dallas မြို့တွင် ယခုလာမည့် November 24 မှ 25, 2023ရက်နေ့အထိ၊ ၁၂ ကြိမ် မြောက် NCBAC ပွဲတော်သို့ တက်ရောက်ပါဝင်ကြပါရန် လေးစားစွာ ခရစ်တော်၏ နာမတော်၌ဖိတ်အပ်ပါသည်။

Dallas Diocese ၏စည်းကမ်းချက်များ နှင့်အညီ၊ ဤပွဲသို့တက်ရောက်မည့် ရဟန်း၊သီလရှင်နှင့်ကိုရင် များအနေဖြင့် မိမိသက်ဆိုင်ရာ သာသနာပိုင် (သီလရှင်များအတွက် Mother House) မှ Letter of Testimonial ရရှိရန်လိုအပ်ပါသည်။ သို့ဖြစ်ပါ၍၊ ပူးတွဲပါစာ၌ပါရှိသော၊ လုပ်ဆောင်ရမည့်အချက်များကို ကြိုတင်ပြင် ဆင်ပြုလုပ် နိုင်ရန် ကြိုတင်အသိပေးအကြောင်းကြား အပ်ပါသည်။

မြန်မာနိုင်ငံနှင့် အခြားပြည်ပနိုင်ငံ များသို့ရောက်ရှိနေသော ရဟန်း၊ သီလရှင်များ နှင့် ကိုရင် များကိုလည်း မိမိသက်ဆိုင်ရာ သာသနာပိုင်ဆရာတော်ကြီး (သို့မဟုတ်) ဆရာတော်ကြီး၏တာဝန်ခံ ဘုန်းတော်ကြီး ထံမှ ထောက်ခံစာ (Bishop’s approval letter) ကို ရယူ၍ NCBAC သို့၊ ပြည့်စုံစွာဖြည့်စွက်ထားသော Sponsorship Agreement ကို info@ncbac.us သို့ ပေးပို့ရမည် ဖြစ်ပါသည်။ https://ncbac.us/12th-annual-conference-2023-

ကျန်းမာရေး လုံခြုံစိတ်ချမှု ရှိစေရန် ခရီးသွား ထိခိုက်မှု အာမခံ (Business Travel Accident Insurance) ကို ယခုနှစ်တွင် မြန်မာပြည်မှ ပွဲတော်သို့ လာရောက် ပါဝင်မည့်ရဟန်း၊ သီလရှင် နှင့် ဧည့်သည်တော် များအတွက် ဝယ်ယူမည် ဖြစ်ပါသည်။ ထို travel insurance သည် NCBAC ပွဲတော် အတွင်း ၌သာ အကြုံးဝင် ၍၊ တစ်ဦး ကို US $150 ကျသင့်မည် ဖြစ်ပါသည်။ ထိုကျသွင့်ငွေကို မိမိ ကို sponsor လုပ်ပေးမည့် US မှ sponsor မှ Business Travel Accident Payment (BTAP) https://forms.gle/p4BXpzcqdff3E3uq6 တွင် ငွေပေးသွင်းပြီးမှ သာလျှင် sponsor ထုတ်ပေးမည် ဖြစ်ပါသည်။

ဤပွဲတော်သို့လာရောက်မည့် ရဟန်း၊ သီလရှင်၊ ကိုရင်များ အနေဖြင့်၊ မိမိတတ်စွမ်းသည့်ဖက်မှ ဤပွဲတော်ကြီး ပိုမို အနှစ်သာရပြည့်ဝ၍၊ ဘာသာသူများ အကျိုးရှိစေမည့် အစီအစဉ် ရှိပါက ဤပွဲဖြစ်မြောက်ရေး ကော်မတီသို့ အသိပေးအကြောင်းကြားပေးပါရန်လည်း လေးစားစွာ အထူး မေတ္တာရပ်ခံအပ်ပါသည်။

————————

NCBAC medias:

#NCBAC website – www.ncbac.us

#NCBAC facebook page- https://www.facebook.com/officialncbac

#NCBAC Instagram – https://www.instagram.com/ncbac2010

#NCBAC Telegram Channel – https://t.me/ncbac

#NCBAC Youtube Channel – https://youtube.com/channel/UCTFkTsbPVAR3eOfrjl4-YQQ

များတွင်ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။