NCBAC -EC များ၏ အစည်းအဝေး နှင့် (၂)ရက်သာ ဝတ်စောင့် ခြင်း ၊ ၂၀၂၃ NCBAC ပွဲအကြိုတွေ့ဆုံဆွေးနွေးခြင်း

===================================

July27,2023

NCBAC -EC များ၏ ဝတ်စောင့်ခြင်း နှင့် ၂၀၂၃ ခုနှစ် NCBAC ၏ (၁၂)ကြိမ်မြောက် အမေရိကန်နိုင်ငံလုံးဆိုင်ရာ မြန်မာ ကက်သလစ် ဘာသာသူများ၏ နှီးနှောဖလယ်ပွဲ ဖြစ်မြောက်ရေးကော်မတီ တာဝန်ရှိသူများနှင့် ပွဲအကြို တွေ့ ဆုံဆွေးနွေးခြင်း နှင့် NCBAC-EC များ၏ နှစ်ဝက် တွေ့ဆုံဆွေးနွေးခြင်းအစီအစဉ်အား ၂၀၂၃ခုနှစ်၊ဇူလိုင် (၂၂-၂၃) တို့တွင် တက္ကဆက်(Texas)ပြည်နယ်၊ အာလင်ဒန်(Arlington)မြို့ ၌ (၂)ရက်တိတိ အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

၂၀၂၃ ခုနှစ် (၁၂)ကြိမ်မြောက် (NCBAC) အမေရိကန်နိုင်ငံလုံးဆိုင်ရာ မြန်မာ ကက်သလစ် ဘာသာသူများ၏ နှီးနှောဖလယ်ပွဲတော် အားတက္ကဆက် (Texas)ပြည်နယ်၊ဒါးလတ်(Dallas)မြို့ ၌ ၂၀၂၃ခုနှစ်၊နိုဝင်ဘာလ တွင် ကျင်းပမည်ဖြစ်ပြီး ၊ပွဲတော်တွင်လူဦးရေ(၁၅၀၀ -၂၀၀၀) စာအတွက်ပြင်ဆင်နေပါသည်။

အစည်းအဝေး သို့ NCBAC ဝိညာဉ်ရေးရာလမ်းညွှန် တာဝန်ခံ ဘုန်းတော်ကြီး Father David Michael ၊ NCBAC-ECများဘက်မှ NCBAC နာယက ကြီးဆရာဂျွန်စိုင်းလုံ၊ ဥက္ကဌ ကိုစည်သူ ၊ဒုဥက္ကဌ ဆရာအယ်ဒီ နှင့် ကျန် EC များ တက်ရောက်ခဲ့ကြပြီး ၊ EC အချို့ မှာ Online ZOOM မှတဆင့် ပါဝင်ခဲ့ကြပါတယ်။ ဒေသခံ ပွဲဖြစ်မြောက်ရေးကော်မတီ ဘက်မှ ပွဲဖြစ်မြောက်ရေးတာဝန်ခံ ဆရာမ ဆိုင်းရော် ၊ ဆရာမ Emelda ၊ ဆရာမ လွီးဇာ ၊မမေရီ ၊ ကိုဩဂတ်စတင်း နှင့် ကွန်မြူးနတီးများမှ တာဝန်ရှိသူများ၊လူငယ်များတက်ရောက်ကာ ပွဲတော် အတွက်လိုအပ်သည်များကို ဆွေးနွေးခဲ့ကြပါသည်။

EC များ၏ ဝတ်စောင့် ခြင်းအစီအစဉ် အား NCBAC ဝိညာဉ်ရေးရာလမ်းညွှန် တာဝန်ခံ ဘုန်းတော်ကြီး Father David Michael မှ ဦးဆောင်ပြီး တက်ရောက်လာကြသော ခေါင်းဆောင်များ၊ EC များအား ဝိညာဉ်လမ်းညွှန် ခွန်အားပေး ဝတ်ပြုဆုတောင်းကာ မစ္ဆားတရားပူဇော်ပေးပြီး၊ အစည်းအဝေးတွင် EC များ နှင့် ၂၀၂၃ ခုနှစ် (၁၂) ကြိမ်မြောက် NCBAC ပွဲဖြစ်မြောက်ရေး ကော်မတီ တာဝန်ရှိသူများ က ပွဲတော်အောင်မြင်စွာကျင်းပ နိုင်ရေး အတွက်၊ ပွဲတော်အတွက် ပြင်ဆင်နေမှု အခြေ အနေများ နှင့် အခြားလိုအပ်သည်များကို ဆွေးနွေးခဲ့ကြပြီး (၂)ရက်သာ ဆွေးနွေးပွဲ အား ဇူလိုင်လ၊၂၃ ရက်နေ့ ညနေ (၆)နာရီ တွင်အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ခဲ့ပါသည်။

ထို့နောက် ဇူလိုင်လ၊၂၄ ရက်နေ့ နံနက် (၁၀)နာရီ အချိန်တွင် NCBAC -EC များမှ ပွဲတော်ကျင်းပမည့် တက္ကဆက် (Texas)ပြည်နယ်၊ဒါးလတ်(Dallas)မြို့ ရှိ ခန်းမဆောင်အား သွားရောက် ကြည့်ရှုခဲ့ကြပါသည်။

More photo HERE