ဒီနှစ် 2023- NCBAC Idol (သီချင်းပြိုင်ပွဲ) အတွက် အောက်ပါသီချင်းတွေကို ရွေးချယ်လိုက်ပြီ။ (2023) – NCBAC Idol သီချင်းပြိုင်ပွဲကြီး ၂၀၂၃၊ နိုဝင်ဘာလ (၂၂-၂၄) အတွင်း “Dallas, TX” မှာ စည်စည်ကားကားကျင်းပတော့မည့် (၁၂) ကြိမ်မြောက် NCBAC ပွဲတော်ကြီးကို ဂုဏ်ပြုသောအားဖြင့် Gospel သီချင်းပြိုင်ပွဲကြီး ရှိပါမည်။ အဲတာက Karaoke ကာရအိုကေ သီချင်းပြိုင်ပွဲဖြစ်သည်။

၁) သီချင်းပြိုင်ပွဲ၏ရည်ရွယ်ချက်

ဤကဲ့သို့ပြိုင်ပွဲလုပ်ခြင်းမှ NCBAC အတွက် အနုပညာရှင် များပေါ်ပေါက်လာပြီး NCBAC အတွက် တက်တက်ကြွကြွပါဝင်သည့် အဆိုရှင်များရရှိလာကြရန်နှင့် NCBAC အတွက် Choir သီချင်းတွေ သီဆိုနိုင်သော အနုပညာရှင် များရရှိလာကြရန်ရည်ရွယ်ပါသည်။ထို့အတူ သီချင်းများအပေါ် ဝါသနာပါပြီး အခွင်ရေးများမရကြသော လူငယ်များ၏ အနာဂတ်အတွက် ကို မြှင့်တင်ပေးပြီး အခွင့် အရေး ကောင်းများရလာကြရန်လည်းရည်ရွယ်ပါသည်။

၂) ပြိုင်ပွဲ၏ စည်းကမ်းချက်များ

၁။ အသက်(၁၅-၄၀)အကြားပါဝင်နိုင်ခြင်း

၂။ သီချင်းခွေထုတ်ဖူးသောသူ ပါဝင်လို့မရခြင်း

၃။ ကက်သလစ်ဘာသာတူမဟုတ်သူ ပါဝင်ခွင့်မရှိခြင်း

၃) အမှတ်ပေးစည်းမျဉ်းများ

၁။ အသံကြည်လင်ပြတ်သားမှု

၂။ စာသားရှင်းလင်းပြတ်သားမှု

၃။ မူရင်းအဆိုတော်ဟန်မပျက်စေဘဲ မိမိ၏ကိုယ်ပိုင်ဟန်နှင့်သီဆိုမှု

၄။ Music နှင့် Key အဝင်အထွက် ကောင်းမွန်မှု

၅။ သင့်တော်သောဝတ်စားဆင်မြန်းမှု

၆။ သီချင်းအပေါ် ကိုယ့်ခံစားချက်အပြည့်ထည့်သွင်းမှု

၇။ Performance -ပြသသည့်အရည်ခြင်းကောင်းမွန်မှု

၄) သီဆိုရမည့်သီချင်းများ

အမျိုးသမီးများအတွက် (၂) ပုဒ်

အမျိုးသားများအတွက် (၂) ပုဒ်

ဤ(၂) ပုဒ်စလုံးကိုသီဆိုပြီး ဒိုင်များထံပြန်ပေးပို့ရပါမည်။

၅) ဆန်ခါတင် Top – 5 ကိုဘယ်လိုရွေးချယ်ကြမလဲ။

————————————————–

ယောကျာ်းလေးများနှင့်မိန်းကလေးများအနေဖြင့် သက်ဆိုင်ရာ သီချင်း(၂)ပုဒ်ကို သီဆိုပြီး Daai Mana Ling – Facebook messenger (https://www.facebook.com/profile.php?id=100004915546554) 0r NCBAC Facebook messenger (https://www.facebook.com/officialncbac) သို့မဟုတ် Fr. Martin Mana Ling ၏ Email- manaling73@gmail.com သို့တွင်ပေးပို့နိုင်သည်။ ပေးပို့လာကြသော Video File or Audio File အသံဖိုင်များကိုကြည့်ရှုစစ်ဆေးပြီး ဆန်ခါတင် “Top – 5 မှာ ပါ၀င်သည့် လက်ရွေးစင် ၅ ဦးကိုရွေးချယ်မှာဖြစ်သည်။

၆) ဘယ်ချိန်အထိ သီချင်းများကို လက်ခံရရှိသလဲ။

သီချင်း Video ကိုအောက်တိုဘာလ ၈/၂၀၂၃ အထိသာလက်ခံမည်ဖြစ်သည်။ Top – 5 မှာ အရွေးခံနိုင်ဖို့ သက်ဆိုင်ရာ သီချင်း(၂)ပုဒ်ကို ကောင်းကောင်းလေ့ကျင့်ပြီး ပိုင်ပိုင်နိုင်နိုင်သီဆိုနိုင်မှ Karaoke သီချင်းကို ပြန်ပို့လာဖို့လိုအပ်သည်။ သေချာလေ့ကျင့်မှုမရှိသေးဘဲ အသံပြန်ပို့လာပါက Top -5 မှာအရွေးခံဖို့ အခွင်ရေး ဆုံးရှူံး သွားနိုင်တယ်။ Top -5 မှာဝင်ရောက်နိုင်သူဟာ တကယ်အရည်အချင်း ပြည့်သူများသာဖြစ်သည့် အတွက် ဂုဏ်ယူသင့်ပါသည်။ ပြည်နယ် အလိုက် အဆိုဝါသနာပါသည့် လူငယ်များကို သက်ဆိုင်ရာ ဘုန်းတော်ကြီး များနှင့်ခေါင်းဆောင်များကကြီးကြပ် လေ့ကျင့် ပေးစေခြင်းဖြင့် ပြည်နယ် ကိုယ်စားပြု တစ်ယောက် က Winer ဆုရှင်ဖြစ်လာခြင်းကို ဂုဏ်ယူသင့်ကြပါသည်။

၇) ဒိုင်လူကြီးများအဖြစ်ဘယ်သူတွေတာဝန်ယူမလဲ။

လောလောဆယ် Fr. Martin Mana Ling နှင့် Music ကျွမ်းကျင်တဲ့ ဘုန်းတော်ကြီးတစ်ပါး နှင့် အခြားဒိုင်တစ်ယောက်

၈) သီချင်းတွေကိုဘယ်လိုပြိုင်ကြမလဲ။

တကယ့်ပြိုင်ပွဲညမှာ Top -5 တယောက်ချင်းစီက မဲလိပ်(၂) ခုထဲက တစ်ခုကိုသာ နှိက်ရပါမည်။ သူပေါက်တဲ့ သီချင်းကို ဝင်ပြိုင်မှာဖြစ်သည်။ ကျားနှင့်မ တစ်လှည့်စီပြိုင်ပွဲဝင်ကြရမည်ဖြစ်သည်။

၉) ဘယ်လိုဆုများပေးအပ်ချီးမြှင့်ရမလဲ။

ဤပြိုင်ပွဲဝင် Top – 5 အားလုံးဟာ တကယ့်ကိုအရည်အချင်းပြည့်ဝသူများသာဖြစ်ကြသဖြင့် သူတို့အတွက် ဂုဏ်ယူပါတယ်။ သူတို့ကို ထိုက်တန်သော ဆုများပေးမည်ဖြစ်သည်။ Winer ဆုရှင် တစ်ယောက်ကိုတော့ (၂၀၂၃)- NCBAC အတွက် Winer ဆုရှင်အဖြစ်ထိုက်ထိုက်တန်တန် ဂုဏ်ပြုခြင်း ခံရမည်ဖြစ်သည်။

မှတ်ချက် – တေးသီချင်းများ အတွက် တေးရေး၊တေးဆိုနှင့် ပုသိမ်ကက်သလစ်သာသနာကိုအထူးကျေးဇူးတင်ရှိပါသည်။

အသေးစိတ်သိလိုပါက

Ph: – 270-991-0677

Email – manaling73@gmail.com

Facebook – Daai Mana Ling

https://www.facebook.com/profile.php?id=100004915546554

ခရစ်တော်၏ နာမတော်မြတ်၌ –

Fr. Martin Mana Ling

Bowling Green, Kentucky

United States of America

စိတ်ဝင်စားရဲ့လား။ မှတ်ချက်လေး Comment မှာပေးသွားနော်🥰

အသေးစိပ်သိရှိလာပါက

270-991-0677 နဲ့ဆက်သွယ်လာကြပါ။

————————

NCBAC medias:

#NCBAC website – www.ncbac.us

#NCBAC facebook page- https://www.facebook.com/officialncbac

#NCBAC Instagram – https://www.instagram.com/ncbac2010

#NCBAC Telegram Channel – https://t.me/ncbac

#NCBAC Youtube Channel – https://youtube.com/channel/UCTFkTsbPVAR3eOfrjl4-YQQ

များတွင်ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။